Heading #1

Heading #2

Tuesday, October 1, 2013

USB stick ကို password ပေးထားမဲ့ Granite Portable

USB Stick မှာ Personal Data တွေ၊ အရေးကြီးတဲ့ ဒေတာတွေကိုသိမ်းထားတတ်တယ်ဆိုရင်တော့ သင့်ဖိုင်တွေကို သူများတွေ Access လုပ်လို့ မရအောင် Password ခတ်ပြီးသိမ်းထားသင့်ပါတယ်။ ဒီလို ပြုလုပ်ဖို့  Tools  တွေအများကြီးရှိပါတယ်။အဲဒီထဲကတစ်ခုဖြစ်တဲ့ Granite Portable ဆိုတဲ့ Freeware ကိုအသုံးပြုနည်းကိုရေးပါမယ်။

Granite က Portable ဖြစ်ပြီး အင်စတောလုပ်စရာမလိုပါဘူး။ Granite ကိုဒေါင်းလုပ်လုပ်ပြီး ရင် ZIP ဖိုင်ကိုရရှိမှာပါ။အဲဒီဖိုင်ကို သင့် USB Stick ကို Extract လုပ်ပါ။ USB Stick မှာတင်မကဘဲ သင့်ကွန်ပြူတာမှာတောင်မှ အသုံးပြုလို့ ရပါတယ်။ ဖိုဒါထဲမှာ Vault ဖိုဒါကိုတွေ့ မြင်နိုင်ပြီးအဲဒီိဖိုဒါမှာ သင့်ဖိုင်တွေကို Encrypted လုပ်ပြီး Password ခတ်ပြီးသိမ်းပေးမှာဖြစ်ပါတယ်။ Password ခတ်ပြီးသိမ်းစရာမလို တဲ့ဖိုင်တွေကို လည်း သီးခြားသိမ်းထားနိုင်ပါတယ်။ အဲဒီ Vault ကိုဖွင့်ဖို့  Password လို အပ်မှာဖြစ်ပြီး Password ကိုသတ်မှတ်ပေးရမှာပါ။

Password သတ်မှတ်ပေးဖို့  Granite Portable Launcher ကို  Run ရပါမယ်။ပြီးရင် User Name, Password သတ်မှတ်ပေးပါ။Password ကို Confirm လုပ်ပေးပါ။ I accept the Terms and Conditions မှာအမှန်ခြစ်ပေးပြီး Login ကိုနှိပ်ပါ။

Login ၀င်ပြီးရင် System Tray မှာ G icon ကိုတွေ့ မြင်ရမှာဖြစ်ပြီး icon ကိုနှိပ်ပါ။Main Interface ပေါ်လာရင် Vault ကိုနှိပ်ပါ။ Vault ဖိုဒါဝင်းဒိုးပေါ်လာမှာဖြစ်ပြီးသိမ်းချင်တဲ့ဖိုင်တွေကို အဲဒီဖိုဒါထဲမှာသိမ်းပါ။Granite က ဖိုင်တွေကိုသိမ်းပေးတဲ့အပြင် Facebook,Wikipedia,Google,YouTube စတဲ့ နာမည်ကြီးဝက်ဆိုက်တွေကို Bookmark မှတ်ပေးထားတာကိုတွေ့ မြင်ရမှာပါ။အဲဒီ Bookmark ကနေ သက်ဆိုင်ရာဝက်ဆိုက်ကိုအလွယ်တကူသွားနိုင်ပါတယ်။နောက်ပြီး Control Panel,Sounds,Fonts စတဲ့ System Programs တွေကိုလည်း အလွယ်တကူသုံးနိုင်အောင်ပြုလုပ်ပေးထားပါတယ်။သိမ်းချင်တာတွေသိမ်းပြီးရင်တော့ Exit လုပ်ပါ။

New version

<<<download>>>

 old Version

<<<download>>>
<<<download>>>

0 comments:

Post a Comment