Heading #1

Heading #2

Wednesday, September 18, 2013

ritht click menu မှာ copy , move ထည့်ထားမယ်

ဟိုတလောက right click မှာ control pannel ထည့်နည်းလေးပြောပြခဲ့တယ်နော်..
ခုက copy to နဲ့ Move to လုပ်တာလေးပြောပြမယ်နော်..
Copy ကူးနည်းတော့မပြောပြတော့ဘူးနော်…..တယ်ရင်းတိုဘောပေါက်လွယ်ပါတယ်ဟဲ..
   

move to / copy to ဆိုတာလေးတွေလေ။ မသိသေးရင်တော့ စမ်းကြည့်ဗျာ။ copy to
ကတော့ ကို select လုပ်ထားတဲ့ folder/file ကို ထပ်ပွားချင်တဲ့ နေရာမှာ ထားပေးနိုင်သလို၊
move to ကလည်း ရွှေ့ပေးနိုင်တယ်ဗျ။ copy/cut လုပ်ပြီး folder ရွေး paste
လုပ်တာထက်တော့ ပိုမြန်တာ အမှန်ပဲ။ အဲဒါတွေက menu bar မှာ ရှိတာလေ။ Desktop မှာ
ရှိတဲ့ ဖိုင်ဆိုရင်တော့ ချက်ချင်းလုပ်လို့ မရဘူးပေါ့။ (run မှာ desktop လို့ရိုက်ထည့်ပြီး
window တစ်ခုအနေနဲ့ ဖငွ့်ပေးမယ်ဆိုရင်တော့ သုံးလို့ရပါတယ်) စမ်းကြည့်ဗျာ။ ကြိုက်တယ်
သုံးလို့ အဆင်ပြေမယ်ဆိုရင် အဲဒါကို Right-Click လုပ်တာနဲ့ ပေါ်လာမယ့် menu မှာ
ထည့်လိုက်မယ်။ ပိုအဆင်ပြေမလား ? ။ စလုပ်ကြည့်ရအောင်ဗျာ ။ လွယ်ပါတယ် …..
Run box ခေါ်ပါ(window key+R)ကျလာပြီဆိုရင် regedit လို့ရိုက်ထည့်.ပါ
Registry editor ကျလာပြီဆိုရင် အောက်ကတိုင်းလေးအဆင့်ဆင့်သွားလိုက်ပါ
HKEY_CLASSES_ROOT\AllFilesystemObjects\shellex\ContextMenuHandlers
ရှာတော့နည်းနည်းရှာရမယ်နော်….
_______________________
တွေ့လောက်ပြီထင်တယ်..ဟဲ….
ContextMenuHandlers ဒီစာသားလေးမှာ
Right click ထောက်>New >Keyကိုကလစ်လိုက်ပါ
အောက်ကပုံတိုင်းပေါ့..
အဆို foloder တစ်ခုကျလာပါလိမ့်မယ်..နာမ်မည်ကို Copy To လို့နာမ်မည်ပေးပါ
Copy to ဆိုတဲ့ foloder လေးကို တစ်ချက်ကလစ်လိုက်ပါ အပြာရောင်လေးဖြစ်နေပါလိမ့်မယ်..ညာဘက်အဖြူရောင်box ထဲမှာ(default )ဆိုတာကို double click ပေးလိုက်ပါ
အောက်ကပုံလေးတိုင်းပေါ့
 
 


အဲ့ဒါဆိုကီးဖြည့်ပေးဖို့ box လေးကျလာပါလိမ့်မယ်
အဲ့ box ထဲမှာ ဒီကီးကိုကူးထည့်ပေးလိုက်ပါ
အောက်ကပုံလေးတိုင်းပေါ့


ပြီးရင်တော့ OK ပေါ့ ဒါဆိုရင် copy to တွက်ရသွားပါပြီ
Move To တွက်ကတော့ကျွန်တော်ပြောပြစရာလိုလောက်တော့ဘူးထင်တယ်..
ContextMenuHandlers
ဒီမှာ right click ထောက်ပြိးရင်ကျလာတဲ့ foloder မှာ Move to လို့နာမ်မည်ပေး
ညာဘက်က default မှာ double click ပေး ကျလာတဲ့ key box မှာအောက်ကကုတ်လေးတွေကော်ပီလုပ်ပြီးထည့်ပေးလိုက်ပါ

{C2FBB631-2971-11D1-A18C-00C04FD75D13}

File တစ်ခုခုပေါ်မှာ right click ထောက်ကြည့်ပါဦးဗျာ..အောက်ကပုံလေးတိုင်းပေါ့

 

Copy ကူးနည်းတော့မပြောပြတော့ဘူးနော်…..တယ်ရင်းတိုဘောပေါက်လွယ်ပါတယ်ဟဲ..
  အဆင်ပြေပါစေခင်ဗျာ
 

0 comments:

Post a Comment